အကယ်၍အကယ်၍မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီးဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပစ်တင်ကြတဲ့အခါမင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်။အကယ်၍အားလုံးက မင်းကိုမယုံသင်္ကာဖြစ်လာတဲ့အခါသူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်အကယ်၍မင်းရဲ့အမှန်စကားတွေကို လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီးမုသားအဖြစ် ထောင်ခြောက်ဆင်တဲ့အခါမင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်ဒါမှမဟုတ်မင်းဘ၀တခုလုံးကိုပေးပြီးအရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကိုဖျက်ဆီးခံရပြီးနောက်မှာအင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်အကယ်၍မင်းနိုင်ခဲ့သမျှတွေအားလုံးဟာကြွေတလှည့် ကြက်ခုံပမာ တခါတည်းနဲ့ရှုံးသွားခဲ့ရင်ပြီးတော့ အစကနေပြန်စနိုင်မယ်ဆိုရင်ပြီးတော့တခါ ဆိုးလှတဲ့ကံကြံမ္မာရယ်လို့ဘယ်သောအခါမှ ငြီးငြူမနေဘူးဆိုရင်အကယ်၍သူများတကာတွေ လုပ်ပြီးသွားလို့အချိန်အတော်ကြာမှ မင်းတယောက်တည်းနဲ့ပဲအားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်လက်ကြိုးစားနိုင်မယ်ဆိုရင်အဲဒီလိုပဲမင်းမှာစိတ်ဓါတ်အင်အားကလွဲလို့ ဘာဆိုဘာမှမရှိတော့တဲ့အခါအဲဒီစိတ်ဓါတ်အင်အားကို ခိုင်မာစွာနဲ့ပဲဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်အကယ်၍စောင့်သင့်တဲ့အချိန်ကိုစောင့်ပြီးအဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်ဒါမှမဟုတ်မင်းရဲ့အကြောင်း မဟုတ်တရား မုသားကြားရတဲ့အခါမင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်ဒါမှမဟုတ် မင်းကိုလူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါမင်းဟာ အမုန်းတွေနဲ့ ပြန်မပွားဘူးဆိုရင်ပြီးတော့မင်းကို မင်းလူတော်တယောက်ရယ်လို့ မမြင်ဘဲပညာရှိစကားတွေလည်း မပြောဘူးဆိုရင်အကယ်၍စိတ်ကူးယဉ်အိပ်မက်တွေဟာမင်းအပေါ် မလွှမ်းမိုးစေပဲ စိတ်ကူးယဉ်နိုင်မယ်ဆိုရင်အတွေးအခေါ်စိတ်ကူးတွေက မျှော်မှန်းချက်သက်သက်မဖြစ်စေပဲ တွေးခေါ်နိုင်မယ်ဆိုရင်အကယ်၍အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုတွေကို ကြုံတွေ့ရတဲ့အခါတူညီသော လောကဓံတရားတွေရယ်ပါလားလို့ခံယူထားနိုင်မယ်ဆိုရင်အကယ်၍လူတွေနဲ့ထိတွေ့ ပြောဆိုဆက်ဆံရတဲ့အခါကိုယ်ကျင့်သိက္ခာကို စောင့်ထိမ်းနိုင်မယ်ဆိုရင်ဒါမှမဟုတ် မင်းဧကရာဇ်တွေနဲ့ လမ်းလျှောက်နေပေမဲ့မာန်မာန သွေးမကြွဘူးဆိုရင်အကယ်၍ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်အကယ်၍လူတိုင်းကို တန်ဖိုးထားလေးစားရပေမဲ့စွဲလမ်းမှု သံယောဇဉ်တွေထားမနေဘူးဆိုရင်အကယ်၍တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့တမိနစ်အတွင်းမှာအဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်အသုံးချနိုင်မယ်ဆိုရင်ငါ့သားရေမင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကိုဆုပ်ကိုင်လို့ဘာမဆို မင်းစွမ်းပြီပေါ့။အဲဒီတော့မင်းဟာလည်း ယောင်္ကျားကောင်းတယောက်ပဲပေါ့။(Rudyard Kipling ၏ IF ကဗျာကို ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်။)
Post a Comment
Radio
သတင်းဌာနများ
အခုဘယ်နိုင်ငံက ကြည့်နေတယ်ဆိုတာသိတယ်နော်
My Visitors
India Standard Time
Calendar
Myanmar Standard Time
C-box ကျနော့်ရဲ့ ဘလော့မိတ်ဆွေများရေးသားရန်
No comments:
Post a Comment